ရေနံချောင်း ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေး မီးဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက ရေနံချောင်းမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဇော်ဇော်အောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်နှင့် တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များလိုက်ပါကာ မြို့မဈေးကြီးအတွင်း မီးဘေးလုံးခြုံရေးအတွက် ကြိုတင်ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ မီးသတ်အုတ်ရေကန်များအတွင်း ရေလုံလောက်စွာ ဖြည့်တင်းထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်မီးကြိုးများ ပေါက်ပြဲဆွေးမြေ့ခြင်း ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်က မီးဘေးအန္တရာယ်သည် လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်နိုင်သော ဘေးဆိုးတစ်ခုဖြစ်သည့်အတွက် “မီးဘေးရှောင် မလောင်ခင်တား”ဆိုသည့်အတိုင်း မီးသုံးစွဲသူပြည်သူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အလေးထားလိုက်နာ ဆောင်ရွက်ကြဖို့လိုကြောင်း ရေနံချောင်းမြို့မဈေးကြီးရှိ ဈေးရောင်း ဈေးဝယ်ပြည်သူများအား အသိပညာပေးဆွေးနွေးကာ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)