စေတုတ္တရာမြို့နယ်၌ အသက်(၅)နှစ်အောက် ကလေးငယ်များ ဗီတာမင်ဆေးနှင့် သံချဆေး တိုက်ကျွေးခြင်း

စေတုတ္တရာ ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်ငါးနှစ်အောက် ကလေးငယ်များ ဗီတာမင်ဆးနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီက စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမ ဒေါ်ခင်သွယ်နှင်းနှင့် ဆရာမများက စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်းမှ ကလေးငယ်များအား အဟာပြည့် ဗီတာမင်ဆေးများ သံချဆေးများကို တိုက်ကျွေးခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန စေတုတ္တရာ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမနှင့် ဆရာမများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။

စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများ သွေးတိုး၊ ဆီးချို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်နှင့် အဘိတ်ဆေးခပ်ခြင်း၊ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဗီတာမင် သံချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)