ဇလွန်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ် လမ်းသစ်ဖွင့်

ဇလွန် ဖေဖော်ဝါရီ 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇလွန်မြို့ လမ်းမတော် မြောက်ရပ်ကွက် ဒူးယားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

( ၇၇ )နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး ၊မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လမ်းမတော်မြောက်ရပ်ကွက် ဒူးယားလမ်း ကွန်ကရစ်လမ်းသစ်သည် လမ်းအရှည် ၄၆၈  ပေ ၊ လမ်းအကျယ် ၁၆  ပေ ၊ ထု ၈ လက်မဖြစ်ပြီး ကုန်ကျငွေ ( ၃၇.၀ ) ကျပ်သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကန့်သတ်မှုမရှိသော (ငွေလုံးငွေရင်းရန်ပုံငွေ)ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)