ငွေဆောင် ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် မြို့ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီက အဆိုပါခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှအဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာအကြီးအကဲများအား မိမိတို့၏ ဌာနအလိုက် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ငွေဆောင်မြို့အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့်ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လုံခြုံရေးအထူးဂရုစိုက်ကြရန်၊ မြို့သန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှလည်း သက်ဆိုင်ရာဌာနအလိုက်ပုံမှန် လုပ် ဆောင်မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။ အဆိုပါလစဥ်ပုံမှန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
R – 014( ငွေဆောင်)