ခန္တီး ဖေဖော်ဝါရီ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (နားမေတ္တာ) တွင် ၁၂-၂-၂၀၂၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ(နားမေတ္တာ)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းပွင့်ဖြူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသီဟထက်အောင်က ကျောင်းသား/ကျောင်းသူလေးများအား ပြည်ထောင်စုနေ့ဖြစ်ပေါ် လာရခြင်းသမိုင်းကြောင်းနှင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဗဟုသုတများအား သိရှိလာစေရန်အတွက် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်တင်မာဦးက “အလိမ္မာစာမှာရှိ” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူလေးများအား ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်လူရွယ်များဖြစ်လာစေရန် စာအုပ်စာပေများ ပိုမိုလေ့လာဖတ်ရှုသင့်ကြောင်း ဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူလေးများက စိတ်ဝင်တစား နားထောင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)