သရက်ချောင်း ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဈေးဆိုင်များမှ ပြည်သူများအား အခြေခံစားကုန်ပစ္စည်းများဒေသနှင့် ကိုက်ညီသောဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၁၁နာရီအချိန်က သရက်ချောင်းမြို့ပေါ်ရှိ အခြေခံစားကုန်ပစ္စည်များ ရောင်းချသည့် ဈေးဆိုင်များတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့စစ်ဆေးရာတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း အခြေခံစားကုန်ပစ္စည်းများရောင်းချသည့် ဈေးဆိုင်ပိုင်ရှင်များအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်ကောင်း၊ ကြက်ဥ စသည့်ကုန်ပစ္စည်းများအားဒေသနှင့် ကိုက်ညီသည့်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ မေးမြန်းခဲ့ပြီး ဒေသနှင့်ကိုက်ညီသော ဈေးနှုန်းများအတိုင်းရောင်းချစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)