ငရုတ်ကောင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ

ငရုတ်ကောင်း ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမိခရိုင်၊ ငရုတ်‌ကောင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ‌ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငရုတ်ကောင်းမြို့ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးသန်းတိုးအောင်၊ ရဲတပ်ဖွဲ့စခန်းမှ ခတ္တစခန်းမှူး ဒုရဲအုပ် ကျော်မျိုးခိုင်တို့က မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ကြီး (၄) ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသည့် တာဝန်ကြီး (၄) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ရပ်ရွာပြည်သူလူထု လေးစားယုံကြည်အားကိုးနိုင်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် ရပ်ရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးများတွင် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန်စသည့် သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ငရုတ်ကောင်းမြို့ မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ပြီးနောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက တူညီဝတ်စုံများ‌ ပေးအပ်ခဲ့ကြသည်။

အခမ်းအနားသို့မြို့ အုပ်ချုပ်‌‌ရေးမှူး ဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးသန်းတိုးအောင်၊ မြို့အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတတ်ရောက်ကြကြောင်းနှင့် အဆိုပါသင်တန်းကို (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှမတ်လ (၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များအား စာတွေ၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငရုတ်ကောင်း (ပြန်/ဆက်)