သဲကုန်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့က သဲကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် သဲကုန်းမြို့နယ် အင်းမမြို့ အောင်သိဒ္ဓိဆီစက်အား ကြည့်ရှုစစ်ဆေး၍ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းလိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြို့ပင်သာကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာ၊ လောင့်ကြီးကျေးရွာအုပ်စု၊ ရွာလှကျေးရွာ၊ ကန်နှစ်ဆင့်ကျေးရွာတို့ရှိ TBL-9 မတ်ပဲများစိုက်ပျိုးထားရှိမှုနှင့် ရိတ်သိမ်းမှုများအား ကြည့်ရှုအားပေး၍ လေ့လွင့်မှုမရှိစေရေးနှင့် ဈေးကောင်းရရှိရေး ကူညီဆောင်ရွက်ပေးသွားရန်နှင့် ကြက်သွန်နီစိုက်ခင်းများ တဆက်တစပ်တည်း စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်ကုန်းကျေးရွာအုပ်စု၊ သိုက်တောမရွှေကျင်ကျောင်းတိုက်အတွင်း ကျောင်းဆောင်သစ် ထပ်မံဆောက်လုပ်ရန်အတွက် အလှူငွေကျပ် (၃၉၀၀၀၀) သိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆင်တဲကုန်းကျေးရွာတွင် နွေစပါးရက် (၉၀) မျိုး Seederစနစ်ဖြင့် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်တမ်းတိုအထွက်ကောင်း မျိုးအောင်မျိုးသန့်သည့်စပါးများ စိုက်ပျိုးနိုင်ရေး၊ နည်းပညာနှင့် လိုအပ်သည်များ ကူညီဆောင်ပေးသွားရန်နှင့် ရွာသာယာကျေးရွာအုပ်စု ရွှေလင်ကျေးရွာနေ ဦးစိုးလွင်၏ ဇီဝစိုးငှက်မွေးမြူရေးခြံအား ကြည်ရှုစစ်ဆေး၍ ငှက်အိမ်ဆောက်လုပ်ထားရှိမှု၊ အသံစနစ်တို့အား ပြုပြင် ဆောင်ရွက်နိုင်ရေးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)