ဒိုက်ဦး ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ မလေးစုကျေးရွာတွင် ရာသီစာဖြစ်သော စိမ်းစားဥစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးလျက်ရှိကြာင်း သိရသည်။
အဆိုပါ စိမ်းစားဥစိုက်ပျိုးရေးနှင့်ပတ်သက်၍ စိမ်းစားဥစိုက်ပျိုးတောင်သူဖြစ်သော ဦးတင်လှိုင် ကမိမိစိုက်ပျိုးဧက ၂ ဧကရှိကြောင်း၊ မိမိစိုက်ပျိုးရန်မျိုး ၁ တင်းလျှင် ၂၅၀၀၀၀ ပေးရကြောင်း၊ ၁ ဧ ကလျှင် ၁ တင်းခွဲကုန်သဖြင့် ကုန်ကျစရိတ် ကျပ် သိန်း ၂၀ ကုန်ကျကြောင်း၊ တစ်ဧကလျှင်စိမ်းစားဥ ၇၀၀၀ ပိသာ ထွက်ရှိကြောင်း၊ တစ်ပိသာလျှင် ၁၀၀၀ ကျပ်ရရှိသဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၅၀ ကျန်ရှိသဖြင့် မိသားစုဝင်ငွေတိုး၍ အဆင်ပြေပါကြောင်း၊ ထွက်ရှိသောစိမ်းစာဥများကို ဖောက်သည်များက တိုက်ရိုက်လာရောက်ဝယ်ယူကြောင်း ပြောပြခဲ့ကြောင်း သိရသည်။
အဆိုပါ ရာသီစာဖြစ်သော စိမ်းစားဥကို မလေးစုကျေးရွာ၍ နှစ်စဥ်စိုက်ပျိုး၍ ကုန်းဆန်သောမြေကိုသာ ကြိုက်နှစ်သက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)