ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မြန်အောင်ခရိုင် ၂၀၂၃-၂၀၂၄ ခုနှစ် မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာအုပ်စု ဆောင်းနေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအားကြည့်ရှုစစ်ဆေး

မြန်အောင်    ဖေဖော်ဝါရီ   ၄

မြန်အောင်မြို့နယ်၊ ညောင်မြစ်ဆွဲကျေးရွာအုပ်စု ကွင်းအမှတ် ၂၂၉၊ ဦးပိုင်အမှတ် ၈၀/၂ တောင်သူ ဦးဝင်းစိုး၏ Super Sun - 41တစ်ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး၍ ဒေသခံ တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ ဆုံခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊တိုင်း/ခရိုင်မြို့နယ်အဆင့် တာဝန်ရှိသူများသည် မြန်အောင်မြို့ ကောင်းသန့်ဆီစက်တွင် နေကြာဆီ၊ မြေပဲဆီသန့် ဆီကြိတ်နေမှုအား ဝင်ရောက်ကြည့်ရှု၍ နေကြာဆီအထွက်နှုန်းကောင်းမွန်ရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေးကြိုးစား ဆောင်ရွက်ကြရန်မှာကြားသည်။ ဆက်လက်၍ ညောင်မြစ်ဆွဲကျေးရွာအုပ်စု ကွင်းအမှတ် ၂၂၉၊ ဦးပိုင်အမှတ် ၈၀/၂ တောင်သူဦးဝင်းစိုး၏ Super Sun - 41 နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ဝင်ရောက်ကြည့်ရှု၍ ၂၀၂၃-၂၀၂၄ မြန်အောင် မြို့နယ် ဆောင်းနေကြာစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု မှတ်တမ်းများအား ကြည့်ရှုခဲ့ပြီး ဒေသခံ တောင်သူများနှင့်ရင်းရင်း နှီးနှီးတွေ့ ဆုံခဲ့သည်။

ဝင်းဗိုလ်(ပြန်/ဆက်)