အုတ်ဖိုမြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးမှုဖြစ်ပွား

အုတ်ဖို ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှားတောကွင်းကျေးရွာအုပ်စု၊ စိန်ချောင်းကျေးရွာတွင် ယနေ့နံနက် ၁ နာရီ ၅၀ အချိန်ခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စိန်ချောင်းရွာနေ ဦးဝင်းမောင်၏ နေအိမ်နောက်ဘက် နွားတင်းဂုတ်တွင် တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်းနေအိမ်ကို မီးစွဲလောင်ခဲ့ခြင်းဖြစ်ပြီး အုတ်ဖိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၈ ဦး၊ အေးမြသာယာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့မှ ရေသယ်ယဉ် (၁) စီး၊ အရန်မီးတပ်ဖွဲ့ဝင် (၆)ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။ မီးလောင်မှုကြောင့် နေအိမ် (၁)လုံး ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)