အထက်မင်းလှ ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာရှိ ဗောဓိဆည်မှ ရေထုတ်မြောင်းပြုပြင်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန မင်းလှမြို့နယ်တာဝန်ခံ ဦးသန်းအောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီး ဦးညီညီနိုင်နှင့် ဝန်ထမ်းများက ဗောဓိဆည်ရေဖြင့် ယခုလက်ရှိ သီးနှံစိုက်ပျိုးမှုအခြေအနေမှုများ၊ ဗောဓိဆည်ရေထုတ်မြောင်းမှ ရေစီးဆင်းမှုတိမ်ကောနေပြီး သီးနှံစိုက်ခင်းများသို့ စိုက်ပျိုးရေကို ကွက်ဆင့်၍ သီးနှံစိုက်ပျိုးနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ဗောဓိဆည်မှရေကို ရေထုတ်မြောင်းမှတစ်ဆင့်လယ်၊ ယာမြေများတွင် စပါး(၃၅)ဧက နှမ်း၊ နေကြာ၊ ပဲကြီး၊ ကြက်သွန်၊ ကုလားပဲနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးမှု (၁၅)ဧကစုစုပေါင်း စိုက်ပျိုးသီးနှံ ဧက(၅၀)ဧက သာစိုက်ပျိုးနိုင်သည့်အတွက် ဗောဓိဆည်မှမြေသားဘောင် ရေထုတ်မြောင်း တိမ်ကောနေမှုအား ပြုပြင်ခြင်းဆောင်ရွက်ပြီးပါက မိုးစပါး၊ နွေစပါး နွေနှမ်း၊ ပဲကြီး၊ ကုလားပဲ၊ နေကြာသီးနှံများနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံများ ဧက(၅၀)ခန့် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြာင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနတို့မှ သိရသည်။
ဇာဇာ(အထက်မင်းလှ)