သာပေါင်း ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် ၈ နာရီအချိန်၊ သီရိရွှေသာဈေး၌ အသိပညာပေးဟောပြော၊ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းနှင့်တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုများအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူလွင်တို့ သီရိရွှေသာဈေးအတွင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် မီးသတ်ဆေးဘူးအသုံးပြုနည်း၊ အောက်စီဂျင်ဖြတ်တောက်မီးငြိမ်းသတ်နည်းတို့ကို ပြည်သူများနှင့်အတူ လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူလွင်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တို့က တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုအခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)