(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲကျင်းပ

ပြည် ဖေဖော်ဝါရီ ၃

ပြည်မြို့ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲကို ပြည်မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ်စစ်တုရင်ကော်မတီတို့မှဦးစီးကျင်းပရာ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတို့မှကျောင်းသား၊ ကျောင်းသူ (၅၀) ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့ (၂) ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)