ရေနံချောင်းတက္ကသိုလ်၌ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ရေနံချောင်း ဖေဖော်ဝါရီ ၃

အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းများတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မှ ၈ ရက်နေ့အထိ အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမတွင် ကျင်းပလျက်ရှိသည်။

ဒုတိယအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မြန်မာ့ဆိုင်းတူရိယာအဖွဲ့ဖြင့် ဘွဲ့နှင်းသဘင် အခမ်းအနား လုပ်ထုံးလုပ်နည်းများအတိုင်း ဖွင့်လှစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျင်းပခဲ့သည့် သင်တန်းစာမေးပွဲများတွင် ကောင်းစွာအောင်မြင်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေငြာပြီးဖြစ်သည့် နေ့သင်တန်းသား ဘွဲ့ရဦးရေ (၅၅၅) ဦးနှင့် အဝေးသင် သင်တန်းသား ဘွဲ့ရဦးရေ (၁၀၆၃) ဦးတို့အား မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာရိုးရိုးဘွဲ့၊ သိပ္ပံရိုးရိုးဘွဲ့တို့ကို ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ဘွဲ့လက်မှတ်များ ပေးအပ်သည်။

ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၊ ၃၊ ၆၊ ၇၊ ၈ ရက်နေ့များတွင် အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပလျက်ရှိပြီး ရေနံချောင်းတက္ကသိုလ်အနေဖြင့် တက္ကသိုလ်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် (၅၅၈) ဦးနှင့် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် (၁၆၁၈) ဦးရှိပြီး ယနေ့အထိ စုစုပေါင်း ဘွဲ့ရဦးရေ (၂၁၇၆) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်များနှင့် သဟာယအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများ၊ သင်ကြား/စီမံ(ဌာမမှူး)များနှင့် ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်ပြန်/ဆက်