ကလေးဝမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ကလေးဝ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့အားကစားကွင်းကြီးရှိ အားကစားခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

အဆိုပါ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား‌ ပြောကြားခဲ့ပြီး ပြိုင်ပွဲကိုကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများက ကြည့်ရှုအားပေးခဲ့သည်။

ယင်းပြိုင်ပွဲကို ပိုက်ကျော်ခြင်းဝါသနာရှင် အသင်း (၁၆) သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အုပ်စုများခွဲ၍ ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ၌ ဆုရရှိသူများအား  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများကိုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)