ကောလင်းခရိုင်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧကများ စံကွက်ရိတ်သိမ်း

ကောလင်း       အောက်တိုဘာ      ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်အတွင်းရှိ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဂျိုး​တောင်အုပ်စု ကွင်းအမှတ်၁၂၄၁၊ ဦးပိုင် ၆၂ တွင်  စိုက်ပျိုးထား​သော ​တောင်သူ ဦး​မောင်​မောင်ဝင်း ၏​ မှော်ဘီ-၂ မိုးစပါး မျိုးထုတ်ကွက် (၁၀) ဧကတွင် (၆.၆'×၆.၆') စံကွက် ရိတ်သိမ်းခြင်းကို  ယနေ့ နံနက်ပိုင်းက စတင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးစပါး စံကွက်ကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းလတ်နှင့် မျိုးစေ့ထုတ် တောင်သူများက တောင်သူ ဦးမောင်​မောင်ဝင်း၏​ မှော်ဘီ-၂ မိုးစပါး မျိုးထုတ်ကွက် (၁၀) ဧက စိုက်ခင်းအား(၆.၆'×၆.၆') စံကွက်များ ရိတ်သိမ်းခဲ့ကြရာ ​ကောင်း၊ သင့် ၊ ညံ့ (၃) ကွက်၏ ပျှမ်းမျှ အထွက်နှုန်းမှာ အစိုထွက်(၁၀၉.၅၉ )တင်း ထွက်ရှိခဲ့ပြီး SRI စိုက်ခင်း၏ ပျှမ်းမျှ အထွက်နှုန်းမှာ (၁၂၈.၀၈) တင်း ထွက်ရှိခဲ့ကြောင်း ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ကောလင်းခရိုင်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးသန့် မျိုးစေ့ထုတ်ကွက် ဝန်းသို မြို့နယ်တွင်၂၅၀ ဧက၊ပင်လည်ဘူးမြို့နယ်တွင် ၃၅၀ဧက၊ ကောလင်းမြို့နယ်တွင် ၄၅၀ ဧက စုစုပေါင်း ၁၀၅၀ဧက  စိုက်ပျိုး ထားရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)