လိပ်သိုမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများ စတင်ပေး

လိပ်သို      အောက်တိုဘာ    ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ လိပ်သိုမြို့ တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင်  အသက်(၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံအသီးသီးတွင် တာဝန် ထမ်းဆောင် ကြရမည့် ဝန်ထမ်းများအနေဖြင့်  ကြိုတင်ဆန္ဒမဲများ ကိုအောက်တိုဘာလ  ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ  နံနက် ၉ နာရီမှ  ညနေ ၄ နာရီအထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးလျက်ရှိပြီး မလာရောက်နိုင်သော မဲဆန္ဒရှင် သက်ကြီးရွယ်အိုများ နှင့် မသန်စွမ်းသူများအား ဆန္ဒမဲပေးနိုင်ရန်အတွက် ရွေ့လျားမဲရုံစနစ်ဖြင့် အိမ်တိုင်ရာရောက် လှည့်လည်ကာ ဆန္ဒမဲများ ပေးစေပြီးဆန္ဒပြုရာတွင်လည်း အမှန်ခြစ်တံဆိပ်တုံး ဖြင့်သာ  ဆန္ဒပြုစေခဲ့ ကြောင်း သိရပါသည်။

အမှတ် (၂) လိပ်သို မဲဆန္ဒနယ် တွင်   မဲရုံပေါင်း (၄၇) ရုံရှိပြီး ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူပေါင်း (၃၀၅၄၅) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)