အမာမြို့၊ ဆိပ်မကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ပြုလုပ်

အမာ ဖေဖော်ဝါရီ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ ဆိပ်မကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းပြုလုပ်ရာတွင် ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမာမြို့ရုံးမှ ဒုတိယဦးစီးမှူး နော်လေးလီယန်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များဖြစ်သည့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ ‌လူငယ်အချင်းချင်း တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးကာ ပူး‌ပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်‌ကောင်းများရရှိစေရန်၊ လူငယ်များအား အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ မောင်ငြိမ်းချမ်းမောင်(grade-11)မှ လူငယ်နှင့်စည်းကမ်းအကြောင်း၊ မောင်မိုးသောက်ထွန်း(grade-10)မှ လူငယ်နှင့်ပညာရေးအ‌ကြောင်း၊ မဇင်မျိုးထိုက်(grade-11)မှ လူငယ်နှင့်ယဉ်ကျေးမှုအကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့‌ကြ‌ကြောင်းနှင့် တာဝန်ခံ အထက်တန်းပြဆရာမကြီး‌‌ ဒေါ်မိုးမိုးလွင်က နိဂုံးချုပ်အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းကျင်းပရာတွင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆိပ်မ အ.ထ.က ကျောင်းမှ ဆရာ၊ ဆရာမများ၊ grade-9၊ grade-10၊ grade-11၊ grade-12 မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၉၈)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)