ညောင်တုန်း ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပဲရုံဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲရုံဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းအရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့် အထွေထွေဗဟုသုတများ စသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်သည့် အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စုစုခင်က အားကစားအဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ အားကစားသိပ္ပံကျောင်းတက်ရောက်မည့်သူများ၏ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာများ စသည့် အကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့်နံရံကပ်စာစောင်ပြသခြင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)