စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

စလင်း ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့်  နိုင်ငံဝန်ထမ်းအငြိမ်းစားများအား  ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်အခြေခံစားသောက်ကုန်များ ထောက်ပံပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီ၃၀အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လူမှုစီပွားဘဝအဆင်ပြေစေရန်ရည်ရွယ်၍  ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အခြေခံစားကုန်များ ထောက်ပံပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထင်လင်းအောင်နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းတို့တက်ရောက်၍ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား တစ်ဦးခြင်းထောက်ပံပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများကိုယ်စား နိုင်ငံဝန်ထမ်းအငြိမ်းစားဦးအေးကိုမှ ထောက်ပံပေးအပ်ခြင်းနှင့်ပတ်သက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အား အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ  အာဟာရမုန့်ကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ကုလားပဲနှင့်ဆေးဝါးများထောက်ပံပေးခြင်း ဆောင်ရွက်ပေးခဲ့ကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများက နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းတို့က ကြည့်ရှုအားပေးခဲ့သည်။ နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းနိုင်နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်အတူ အခမ်းအနားသို့ စုစုပေါင်းအင်အား (၂၂၀)ခန့် တက်ရောက်ကြပြီး နိုင်ငံဝန်ထမ်းပင်စင်စား (၅၅၂)ဦးအား ထောက်ပံပေးအပ်ခဲ့ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

(မောင်လွင်)စလင်း