မင်းလှမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုင်းကျေးရွာတွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက ကိုင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ၊‌ ကိုင်းကျေးရွာမှ ရပ်မိရပ်ဖ ဦးဝင်းလှိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာတွင်း ကွန်းကရစ်လမ်းသစ်ကို၊ သရက်ခရိုင်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦး‌ကျော်ဆန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စိုးခိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

မင်းလှမြို့နယ်ကိုင်းကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း‌ ဆောင်ရွက်ရာတွင် ၂၀၂၃၂၀၂၄ ခုနှစ်၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၅၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၂၀) စုစုပေါင်းကျပ်သိန်း (၁၇၀)ဖြင့် လမ်းအရှည်(၈၄၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)