(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ

မြိတ်   ဖေဖော်ဝါရီ    ၂

(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံကို ပြောကြားသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူများက "ပြည်ထောင်စုနေ့ ဒို့မမေ့" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူးနှင့် နှစ်သိမ့်ဆုရရှိကြသူများကို ဦးစီးအရာရှိ ဒေါ်ဝါဝါခိုင် တို့က ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ထို့အတူ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဟောပြောပွဲနှင့် ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနံရံကပ် စာစောင်များနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်၌ စာအုပ်ပြပွဲကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြ‌ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)