မင်းဘူး ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဘက်စုံထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မင်းဘူးမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း မကြီးချောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးမြသိန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ဆုများ ပေးအပ်ချီးမြှင့်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားတွင် လက်ထောက်ပညာရေးမှူး ဦးမြသိန်းဌေး၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြိုင်ပွဲအသီးသီးတွင် ဘက်စုံထူချွန်ဆုရ ကျောင်းသားကျောင်းသူ (၉၂) ဦးအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)