စေတုတ္တရာ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အခြေခံမူလတန်းကျောင်းအမှတ် (၂) ကျောင်းအုပ်ဆရာကြီး ဦးကြည်စိုးက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရမည့် အကြောင်းအရာများ ဟောပြော၍ မြို့နယ်ပညာရေးဌာန မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးအောင်မြင့်ဌေးက ပြည်ထောင်စုနေ့ဆိုင်ရာအကြောင်းအရာများအပြင် ပညာရေးကဏ္ဍာဆောင်ရွက်မှုတို့ကို ဟောပြောသည်။
ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ စာပေရင်းနှီမှုရရှိစေရန် နာရီဝက်ခန့်ဖတ်မှတ်စေခြင်း၊ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)