ရွှေကျင် ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမို့မို့က အဖွင့်အမှာစကားေပြာကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မို့မို့သွင် (ရုပ်သံကျွမ်းကျင်-၃) က စာပေဖတ်ရှု့ခြင်း၏ အကျိုးကျေးဇူးအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ အန္တရာယ်ခေါင်းစဥ်ဖြင့် အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မို့မို့သွင် (ရုပ်သံကျွမ်းကျင်-၃) က ပြန်လည်ဖြေကြားပေးခဲ့ပြီး သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)