တောင်တွင်းကြီးမြို့နယ် စတုံရေပေးမြောင်းဟောင်း ပြန်လည်ထူးဖော်ရာတွင် စိုက်ပျိုးမြေများပါဝင်သွားသည့် တောင်သူများ နစ်နာကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လက်ပံရှည်အနီး စတုံ(အထက်ဆည်) ရေပေးမြောင်းဟောင်း ပြန်လည်တူးဖော်ရာတွင် စိုက်ပျိုးမြေများပါဝင်သွားသည့် တောင်သူများအား နစ်နာကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေလယ်()နာရီအချိန်က ရွှေရောင်တော်ဘုရားကြီးပရဝုပ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်()ဗိုလ်မှူး သက်ခိုင်ထွန်း၊ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးမြေနစ်နာသွားကြသည့် တောင်သူများအား နစ်နာမြေဧကများသတ်မှတ်ကာ နစ်နာကြေးများ စိစစ်သေချာစွာစစ်ဆေး၍ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)