ပေါင်းတည်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ပေါင်းတည် ဖေဖော်ဝါရီ ၂

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဆင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသင်တန်းဆင်းပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ အဖွဲ့ဝင် (၂) ဦးအေးကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲမှူး ဦးကြည်ထွန်းတို့နှင့်အတူ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းဆင်းတပ်ဖွဲ့ဝင် ၅၀ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ သင်တန်းကာလ တစ်လမွမ်းမံလေကျင့်သင်တန်းပေးခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)