ကျုံပျော်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကျုံပျော် ဖေဖော်ဝါရီ ၂

မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ်  တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဇော်လွင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ နေအိမ်များသို့ ကွင်းဆင်း၍ ပွင့်လင်းရာသီ ရောက်ရှိလာသဖြင့် နေအိမ်များအတွင်း မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်များ၊ သဲပုံး၊ ရေပုံးများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ လက်ရှိ မီးသုံးစွဲမှု အခြေအနေများအား စစ်ဆေးပြီး မီးသုံးစွဲပုံ အဆင့်ဆင့်တို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)