ကန်ကြီးထောင့်မြို့နယ်တွင် လောကမှန်ကူဘုရား ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရဟန်းခံရှင်ပြုပွဲ ကျင်းပနိုင်ရေး ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေး ကျင်းပ

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော လောကမှန်ကူသိဒ္ဒိရှင် ဆု‌တောင်းပြည့် စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရဟန်းခံရှင်ပြုပွဲတော်အား နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း(၁)နာရီအချိန်က မင်္ဂလာရာမကျောင်းတိုက်ရှိ ဂေါပကရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးအခမ်းအနားတွင် နမောတသ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နာယကဆရာတာ် ဥူးကောဝိတက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဂေါပကဥက္ကဋ္ဌ  ဦးစိုးမြင့်က အစည်းအဝေး ခေါ်ယူရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လောကမှန်ကူဘုရား ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရဟန်းခံရှင်ပြုပွဲ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကို အစည်းအဝးသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက အသီးသီးဆွေးနွေးခဲ့ကြပြီး ကော်မတီအဖွဲ့သစ်အား ပြန်လည်ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)