သာပေါင်း ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၌ အမှတ်(၁၃)၊ အမှတ်(၁၄) မြောင်းများ တူးဖော်ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဇော်နိုင်တို့က ဂုံမင်းကျေးရွာအုပ်စု၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင်ပြုရန်ပုံငွေ (၁၆၇.၁၈) ကျပ်သန်းဖြင့် အမှတ်(၁၃) မြောင်း၊ (၁၃၃.၆)ကျပ်သန်းဖြင့် အမှတ်(၁၄)မြောင်းတို့ကို CCMM ကုမ္ပဏီမှ မြောင်းတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လုပ်ငန်း (၁၀၀%) ပြီးစီးမှုအခြေအနေအား တိုင်တာကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်