သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ တောင်သူများနှင့်တွေ့ဆုံ

သာပေါင်း ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရုံးပင်ကျေးရွာအုပ်စု၊ တစ္ဆေချောင်း ကျေးရွာတောင်သူများနှင့် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျေးရွာသို့ သွားရောက်တွေ့ဆုံခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က ရုံးပင်ကျေးရွာအုပ်စု၊ တစ္ဆေချောင်း ကျေးရွာ၊ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းတွင် တောင်သူများနှင့် တွေ့ဆုံ၍ (၈၆)ဘီလီယံ သွင်းအားစု မိုးစပါးရယူတောင်သူများ ကျန်ရှိသည့် ပေးသွင်းရမည့်စပါးများ ပေးသွင်းရေး၊ နွေစပါးစိုက်တောင်သူများ (၁)ဧက (၁၁၀)တင်းထွက်ရှိရေးဆောင်ရွက်ရန်၊ ၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးမြေမြှုပ်ဆောင်ရွက်ရေး၊ ၂၀၂၅ ခုနှစ်၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးရေး၊ အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရန်၊ (မျိုးပြောင်းလဲခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ ဓာတ်မြေသြဇာအချိုးကျထည့်သွင်းရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး)၊ မျိုးစေ့ချ ကိရိယာ (Seeder) ဝယ်ယူအသုံးပြုရေး၊ ကြဲခင်းစနစ်အစား စိုက်ခင်းစနစ်အသုံးပြုရေးမှာကြားပြီး တောင်သူ များ၏ လိုအပ်ချက်များအား ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်