ကရသူရိ ဖေဖော်ဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများအား(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိ ပညာပေး နံရံကပ်ဘုတ်များပြသခြင်းကို ယနေ့ နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိရေး ပြသခြင်းဖြစ်ရာ ထိုသို့ပြသရာ၌ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်း ကောက် နုတ်ချက်များ၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့ရာ အဆိုပါသို့ မူလတန်း/အလယ်တန်း/ အထက်တန်း ကျောင်းသား/သူများ လေ့လာကြည့်ရှုခဲ့ကြသည်။
ကရသူရိ(ပြန်/ဆက်)