ဘုတ်ပြင်းမြို့၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲကျင်းပ

ဘုတ်ပြင်း   ဖေဖော်ဝါရီ      ၂  

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့် တွင် သွေးစည်းချစ်ကြည်လက်ချင်းဆက် ပြည်ထောင်စုသည် ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ(၄)ဦး၊ အလယ်တန်းအဆင့်တွင် ပင်လုံစိတ်ဓာတ်အခြေပြုဒါတို့ပြည်ထောင်စု ခေါင်းစဉ်ဖြင့် (၃)ဦး၊ မူလတန်း အဆင့်တွင် ပြည်ထောင်စုနေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့်(၆)ဦး၊ ကဗျာပြိုင်ပွဲ၌ အထက်တန်းအဆင့် တွင် ပြည်ထောင်စု အမွေထိန်းစို့လေ ခေါင်းစဉ်ဖြင့်(၄)ဦး၊အလယ်တန်းအဆင့်တွင် ညီနောင်လက်တွဲ ပြည်ထောင်စုပွဲ ခေါင်းစဉ်ဖြင့်(၅)ဦး၊ မူလတန်းအဆင့်တွင် ပြည်ထောင်စုနေ့ ခေါင်းစဉ်ဖြင့်(၉)ဦး၊ ပန်းချီပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် ထာဝစဉ်မမေ့အပ်ပြည်ထောင်စုနေ့မြတ် ခေါင်းစဉ်ဖြင့်(၇)ဦး၊ အလယ်တန်း အဆင့်တွင် ပြည်ထောင်စုနေ့ ဒို့မမေ့ခေါင်းစဉ်ဖြင့် (၁၈)ဦး၊မူလတန်းအဆင့်တွင် ပြည်ထောင်စု မြေအလှဝေ ခေါင်းစဉ်ဖြင့် (၁၃)ဦး၊ စုစုပေါင်းကျောင်းသားကျောင်းသူ(၆၉)ဦး ဖြေဆို ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများကို ကျောင်းအစီအစဉ်ဖြင့် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အ-ထ-က-ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

ဘုတ်ပြင်း (ပြန်/ဆက်)