မအူပင်မြို့နယ်၌ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ကျွမ်းကျင်ပြိုင်ပွဲကျင်းပ

မအူပင် ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် Brave Heart Team ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ကျွမ်းကျင်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မအူပင်ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြည်သူများမီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ Brave Heart Team ရှာဖွေကယ်ဆယ်ရေးသင်တန်းသားများအား မျှော်စင်ကြိုးတက်ကြိုးဆင်းနှင့် ပိတ်မိနေသော လူနာများအား ရှာဖွေကယ်ဆယ်ရေး အတွက် စံချိန်သတ်မှတ်၍ အဖွဲ့()ဖွဲ့ဖြင့် ယှဉ်ပြိုင်စေခဲ့ရာ စံချိန်အကောင်းဆုံးရရှိသော အဖွဲ့ အား ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမိုးထွန်းမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်