သာယာဝတီ ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာကို စားသုံးဆီပိုမိုထုတ်လုပ်နိုင်ရေးအတွက် လျားထားစိုက်ဧကထက် ပိုမိုစိုက်ပျိုးဆောင်ရွက်နိုင်ပြီး ဆောင်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ဆောင်းရာသီ၌ ဆီထွက်သီးနှံနေကြာကို စားသုံးဆီပိုမိုထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ စိုက်ဧက (၉၆၈၅) ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး လျာထားချက်ကျော်လွန်၍ (၉၇၆၂) စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့သည်။
ဆီထွက်သီးနှံ ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းရေး၊ တစ်ဧကအထွက်နှုန်းမြင့်မားတိုးတက်ရေးအတွက် ဒေသခံတောင်သူများကို နေကြာမျိုးကောင်းမျိုးသန့်များ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေးနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊ သွင်းအားစုမြေသြဇာများ စနစ်တကျ ထည့်သွင်းအသုံးပြုနိုင်ရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ရာသီအလိုက် ဆီထွက်သီးနှံနေကြာများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် မျိုးကောင်းမျိုးသန့်အလုံ အလောက်ရရှိစေရန် ဒေသခံတောင်သူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နေကြာမျိုးစေ့ အဆင့်မြှင့်တင်ရေး စိုက်ခင်း (၂၀) ဧက စိုက်ပျိုးဆောင်ရွက်ခြင်း၊ နေကြာအထွက်နှုန်း တိုးတက်ရေးစံပြ (၁၀) ဧကနှင့် နေကြာမျိုးစေ့ထုတ် (၃၂) ဧကတို့ကို ဆောင်ရွက်ထားရှိကြောင်း၊ ဆီထွက်သီးနှံဆောင်းနေကြာကို ဒေသခံတောင်သူများ စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်၌ (၂၀၂၆) ဧက ရိတ်သိမ်းပြီးစီးခဲ့သလို တစ်ဧကထွက်နှုန်း (၂၇ ဒဿမ ၃၂) တင်းထွက်ရှိခဲ့ပြီး ဆီထွက်သီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးထုတ်လုပ်သည့် ဒေသခံပြည်သူများထံမှ သိရသည်။
သန့်ဇော် (ပြန်/ဆက်)