အထက်မင်းလှ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့၌ ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်နီလာဦးက အခြေခံပညာကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ သဘာဝဘေးအန္တရာယ် (ငလျင်ဘေး)နဲ့ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေဖို့ ဘေးအန္တရာယ်အမျိုးအစားအလိုက် ကာကွယ်ရမည့် နည်းလမ်းတွေနဲ့ ဆောင်ရန်/ရှောင်ရန် အချက်အလက်တွေကို သိရှိစေဖို့၊ အရေးပေါ်ကာကွယ်တဲ့ နည်းလမ်းဖြစ်သည့် ဝပ်၊ ကာ၊ ကိုင်ပုံစံတွေ အန္တရာယ်ကိုရှောင်တိမ်းတဲ့နည်းလမ်းတွေ၊ အန္တရာယ်ရှိ အဆောက်အဦက နေဘေးလွတ်တဲ့နေရာကို အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ ရှောင်တိမ်းတတ်စေဖို့အတွက် ငလျင်ဘေးအန္တရာယ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အသိပညာပေးဟောပြောပွဲ တက်ရောက်လာသည့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရေဘေး၊ လေဘေး၊ မီးဘေး၊ မိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ငလျင်ဘေးစသည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)