စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂)စုအား လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် စာရင်းကောက်ယူ ကွင်းဆင်းဆောင်ရွက်

စလင်း ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂)စုတို့ရှိ အိမ်ထောင်စုများမှ  လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်(၈)နာရီ အချိန်မှစတင်ကာ ကျေးရွာများသို့  တာဝန်ရှိသူများက ကွင်းဆင်းစီစစ်၍ စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးစောလွင်ဦးနှင့် ဝန်ထမ်းများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဒုဦးစီးမှူး ဒေါ်သင်းသင်းခိုင်   မီးသတ်ဦးစီးဌာန မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သောအဖွဲ့တို့က ၂၀၂၃. ခုနှစ်တွင် စလင်းမြို့နယ်အတွင်း လေပြင်းဘေးဒဏ်ခံရလေ့ရှိသည့် ငါးသန်ခေါင်းကျေးရွာအုပ်စု၊ စနေချောင်ကျေးရွာနှင့်  မကျီးဖျားကျေးရွာအုပ်စု၊ ကျောက်ရဲတုန်းကျေးရွာတို့မှ  လေပြင်းဘေးဒဏ်ခံနိုင်ရည်အားနည်းပြီး မိမိတို့အစီအစဥ်ဖြင့်  ဆောင်ရွက်နိုင်မှုမရှိသည့် နေအိမ်များ အမှီအခိုကင်းမဲ့သည့် အသက်ကြီးသူများနှင့်  အမျိုးသမီးများ ဦးဆောင်သည့်နေအိမ်များ  စုစုပေါင်းနေအိမ်(၁၀၀)လုံးတို့အား  လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသည့်  အိုးအိမ်များဖစ်စေရေး  အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  အိမ်အမျိုးအစားအလိုက် အဓိကပြင်ဆင်ရမည့် လိုအပ်ချက်များအား စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အဖွဲ့ဝင်များတာဝန်ရှိသူများက ကွင်းဆင်းအိမ်အဆောက်အအုံစာရင်းများ ကောက်ယူစစ်ဆေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့်ပညာပေး မီးဘေးပညာပေးစာစောင်များ ဝေငှခဲ့ကြောင်း  သိရသည်။

မောင်လွင်(စလင်း)