ဒေးဒရဲမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဗေဒါမြေဆွေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

ဒေးဒရဲ ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဆင်ကူးကျေးရွာ တောင်သူဦးထွန်းမြင့်အောင်၏ လယ်မြေ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လယ်မြေများတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ဗေဒါမြေဆွေးပြုလုပ်ခြင်း  ကွင်းသရုပ်ပြပွဲအား ဆောင်ရွက်ခဲ့ရာ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းထွန်းက ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ  ဗေဒါမြေဆွေးပြုလုပ်ခြင်း ဆောင်ရွက်ရာတွင် လိုအပ်သော ပစ္စည်းများမှာ ဗေဒါ၊ ဖွဲနု၊   EM အရည်၊  ယူရီးယားစသည့် ပစ္စည်းများကိုရောစပ်ပြီး မြေဆွေးပုံကို အလျား ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ ပြုလုပ်ရပြီး အလင်းမပေါက်သော အမိုးအကာဖုံးအုပ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် လယ်မြေနှင့်စိုက်ခင်းတောင်သူများ ကောင်းမွန်သော စိုက်ပျိုးနည်းပညာများ ရရှိစေရေးနှင့် အရည်အသွေးကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များ ရရှိစေရေး၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုကို ထိန်းသိမ်းနိုင်ရေးနှင့် ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေပြီး မြေအစိုဓာတ်ထိန်ပေးခြင်း၊ အမြစ်သန်စွမ်းခြင်း၊ ပိုးမွှားဒဏ်ခံနိုင်ခြင်း၊ သီးနှံအရည်အသွေးကောင်းမွန်ခြင်း၊ တစ်နှစ်ထက်တစ်နှစ် မြေဆီလွှာ ရုပ်ဂုဏ်သတ္တိ၊​ဒြပ်ဂုဏ်သတ္တိကောင်းမွန်​သော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းထွန်းထံက သိရသည်။

အေဇာလင်း(ပြန်/ဆက်)