တောင်တွင်းကြီးမြို့နယ် အ.ထ.က(၁)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၁၀)နာရီက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများကျင်းပရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းနှင့် ဆရာ/ဆရာမများ၏ ကြီးကြပ်မှုဖြင့် စာစီစာကုံးပြိုင်ပွဲတွင် (ထက်၊ လယ်၊ မူဆင့်) ကျောင်းသား/သူ(၈)ဦး၊ ပန်းချီပြိုင်ပွဲတွင် (ထက်၊ လယ်၊ မူဆင့်)ကျောင်းသား/သူ(၁၂)ဦး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် (ထက်၊ လယ်၊ မူဆင့်) ကျောင်းသား/သူ(၁၈)ဦးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် (ထက်၊ လယ်၊ မူဆင့်) ကျောင်းသား/သူ(၂၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား/သူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)