လပွတ္တာမြို့နယ်၌ ခရိုင်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆက်လက် လေ့ကျင့်သင်ကြား

လပွတ္တာ ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့ရှိ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ဇန်နဝါရီလ ၂၉ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းကို ဆက်လက်သင်ကြား လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဥ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါသင်တန်းကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ​ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လပွတ္တာခရိုင်အတွင်းရှိ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၅၀ ဦးဖြင့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း၊ ကြိုးချည်နည်း၊ ရေတွင်းအသက်ကယ်ဆယ်ခြင်း၊ မျောက်ကူးနည်းစနစ်၊
ပက်လက်ကူးနည်းစနစ်၊ ရှဥ့်ကူးနည်းစနစ်၊ နှစ်ယောက်တွဲကြိုးဆင်းခြင်း၊ ဇောက်ထိုးဆင်းခြင်း၊ ခုန်ဆင်းနည်းစနစ်များ၊ သင်ကြားပို့ချလျက်ရှိကြောင်း လပွတ္တာခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)