ပန်ဆောင် ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နယ်အတွင်းရှိ နောင်ယန်းအင်းသို့ မြို့နယ်အရပ်ရပ်မှ ခရီးသွားများ နေ့စဉ်လာရောက် အပန်းဖြေလျက်ရှိကာ ပြီးခဲ့သည့်နှစ်များတွင် (ကိုဗစ်-၁၉)ရောဂါကြောင့် အပန်းဖြေသူ အနည်းငယ်လျော့နည်းသွားခဲ့သော်လည်း ယခုနှစ်ပိုင်းအတွင်းတွင် လာရောက်အပန်းဖြေသူ တဖြည်းဖြည်း ပြန်လည် များပြားလာကြောင်း သိရသည်။
ပန်ဆောင်မြိုနယ်အတွင်းရှိ နောင်ယန်းအင်းတွင် နှစ်စဉ်နှစ်တိုင်းခရီးသွားများ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိရာ ပြီးခဲ့သည့် နှစ်နှစ်ကျော် သုံးနှစ်ခန့်က ဖြစ်ပွားခဲ့သည့် ကိုဗစ်ရောဂါအခြေအနေကြောင့် နောင်ယန်းကို လာရောက်အပန်းဖြေသူ မရှိသလိုဖြစ်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄)နှစ်တွင် (Joyride to Lake of No Return)ကို လာရောက်အပန်းဖြေသူ တဖြည်းဖြည်း ပြန်လည်များပြားလာကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)