ပုလောမြို့ အ.ထ.က(၁)ကျောင်း၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းကြို သင်ယူပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ပုလော ဖေဖော်ဝါရီလ ၁

တနင်္သာရီတိုင်းဒေသကြီး ၊ ပုလောမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းကြို သင်ယူပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဟိန်းကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပညာရည်ချွန်ဆုနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကာယပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းကြို သင်ယူပြီးမြောက်သည့် ကျောင်းသား/သူ (၉၀) ဦးကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မူလတန်းကြိုကျောင်းသား/သူများက စိန်အိုးစည်အက၊ Pre School Song၊ စဉ်းစားအုံးမယ်၊ ထားလိုက်ပါ တေးသီချင်းကို အကပဒေသာ များဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်းနှင့် မိဘများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)