ကျောက်ကြီး ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကုန်းကျောင်းပရိယတ္တိစာသင်တိုက်ဓမ္မာရုံတွင် (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲ အောင်လက်မှတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်၍ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ကုန်းကျောင်းပရိယတ္တိစာသင်တိုက်၏ နာယက ဂဒ္ဓဝါစကပဒ္တိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တစန္ဒိမာထံမှ သြဝါဒကထာချီးမြှင့်ခြင်းခံယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲအောင်မြင်သူနှစ်ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ(၁၂)ဦး၊ သုံးဘာသာဖြေ ရိုးရိုးအောင်(၁၂)ဦး၊ တစ်ဘာသာဖြေ ရိုးရိုးအောင်(၃)ဦးတို့အား အောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲအား ကျောင်းသား၊ ကျောင်းသူ (၂၉)ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သင်တန်းနည်းပြဆရာများ၏ပြောကြားချက်အရသိရပြီး အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)