နတ်မောက်မြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး

နတ်မောက် ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့ပေါ် (၇)ရက်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီ (၁)ပိဿာ (၅၀၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်၍  ဒေသခံပြည်သူများ နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် အသုံးပြုရသော စားအုန်းဆီများ လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်ရေး၊ ရောနှောစားအုန်းဆီများ၊ အာမခံချက်မရှိသော စားအုန်းဆီများအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများမှ ကာကွယ်နိုင်ရန်အတွက် ထုတ်ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသည့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ အဆိုပါ စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်၍ စားအုန်းဆီ (၇၇၀)ပိဿာအား ပြည်သူများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

လှဝင်း