စေတုတ္တရာမြို့နယ်၌ ၂၀၂၄ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ၊ ကဗျာ၊ အင်္ဂလိပ်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

စေတုတ္တရာ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီ၊ ကဗျာ၊ အင်္ဂလိပ်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း စေတုတ္တရာတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြိုင်ပွဲကျင်းပရာတွင် စေတုတ္တရာမြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အမှာစကားနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခြင်း၊ အ.ထ.ကစေတုတ္တရာကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က ပြိုင်ပွဲနှင့်ပတ်သက်၍ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲများအား စေတုတ္တရာမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများမှ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား၊ကျောင်းသူများက ဝင်ရောက်ယာဉ်ပြိုင်ကြရာ စာစီစာကုံးတွင် (၆)ဦး၊ ကဗျာ (၈) ဦး၊ အထက်တန်းအဆင့်ပန်းချီ (၇) ဦး ၊အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများမှ အင်္ဂလိပ်စာစွမ်းရည် (၈၀) ဦး၊ သင်္ချာစွမ်းရည် (၉၆) ဦးတို့ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွန်း၊ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများက ကြီးကြပ်၍ ဆောင်ရွက်ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)