ပဲခူး ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် ယမန်နေ့က ဒိုက်ဦးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒိုက်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးချမ်းမြေ့ကဦးဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိမှု ရှိ/မရှိ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များအား ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားရှိမှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ်မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များစသည်တို့ကိုစစ်ဆေးပြီး လိုအပ်သည်များကို အကြံပြု လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အသိပညာပေး ဟောပြောခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်