တောင်တွင်းကြီးမြို့နယ်တွင် ဒေသခံပြည်သူများအား စားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဒေသခံပြည်သူများအား စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ()နာရီခွဲက ဖောင်တော်ဦးဘုရားကြီးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားသောက်များ ရောင်းချပေးရာတွင် စားအုန်းဆီ()ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်သား(၅၀)သားလျှင် (၂၀၀၀)ကျပ်၊ ဝက်သား ()ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ခရမ်းချဥ်သီး (၅၀)သားလျှင် (၃၀၀)ကျပ်၊ ကြက်ဥ()လုံးလျှင် (၁၀၀၀)ကျပ်၊ ဆား()ထုပ်လျှင် (၁၅၀)ကျပ်နှုန်းဖြင့် ဒေသခံပြည်သူများကို လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။

ထိုသို့ အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အမှတ်()လေ့ကျင့်ရေးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ အဖွဲ့ဝင်() ဗိုလ်မှုးသက်ခိုင်ထွန်း၊  စားသောက်ကုန်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)