မင်းတုန်းမြို့ရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မင်းတုန်း ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်‌ဇာကျော်နှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲ၌ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မိုက္ကခရိုဝေ့ဗ်စခန်းတို့အား စစ်ဆေးခဲ့ကြသည်။

ထို့သို့ စစ်ဆေးရာတွင် မီးသတ်ဆေးဘူး လေပေါင်‌ကောင်းမွန်မှု၊ မီးချိတ်၊ မီးကတ်၊‌ လှေခါး၊ သဲ၊ ရေသိုလှောင်ထားရှိမှုတို့အား စစ်ဆေးခဲ့ပြီး မိုက္ကခရိုဝေ့ဗ်စခန်းတွင် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို ဝန်ထမ်းများအား လက်တွေ့သရုပ်ပြ လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)