ပွင့်ဖြူ ဖေဖော်ဝါရီ ၁
ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားလိုက်နာဆောင်ရွက်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီကာလတွင် ဌာနဆိုင်ရာရုံးများ၌ မီးဘေးလုံခြုံရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရ မည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်သတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်နှင့် ဝန်ထမ်းများအား မီးငြှိမ်းသတ်ပစ္စည်းများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ မီးလောင်မှုဖြစ်ပွားစဉ် အသက်ကယ်ကြိုးကူးနည်းစနစ်ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြသဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြစ်သည့် ရေပြင်၊ မြေပြင်၊ အထပ်မြင့်အဆောက်အဦနှင့် ယာဉ်မတော်တဆမှုများတွင် အသုံးပြုသော အသက်ကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသ၍ လက်တွေ့အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာများမှ သိရှိလိုသည့်မေးမြန်းချက်အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )